Saturday, January 2, 2010

ပြဇတ်


စိတ်လက်ကြည်သာရှိတုန်း
ငါ့ကိုယ်ငါ ပြန်တွေးကြည့်လိုက်တယ်...
ငါဟာ... .. .
စစ်ပြီးစ မြို့ပျက်ကြီးတစ်ခုများလား... ... ..

ကော်ဖီက အေးစက်ပြစ်ခဲသွားခဲ့ပြီ...၊
ညဉ့်ကလည်း တော်တော်နက်နေပြီ..၊
မျှော်လင့်ခြင်းအလွန်လေးမှာ...
ရှိစုမဲ့စုလေးတွေ အကုန်လွတ်ကျခဲ့တယ်... ..။

မျှော်သူမရှိတဲ့ လမ်းလေးအတိုင်း..
လျှောက်ပြန်လာတော့
ဆောင်းဟာ နှိုးလို့မရသေးဘူး... ..။

ငါဟာ အလင်းလိုချင်သူပါ
အမှောင်ထဲမှာ
ဒီလောက်အကြာကြီး ရပ်နေဖို့မကောင်းဘူး။

ငါ့နာမည်လေးရေ... ... ..
သံသရာ အဆက်ဆက် နာဖျားရစ်ခဲ့ရဦးမှာပေါ့ကွယ်..
ဒဏ်ရာတွေဟာ သိပ်ခမ်းနားလှပတဲ့ အခါ
အမှတ်တရ ဆန်သွားတတ်တယ် မဟုတ်လား...
နင်ကလေးရဲ့ စိတ်ကို ငါတကယ်နားလည်နိုင်ဖို့
အမှိုက်ကစပြီး မီးလောင်ရတော့မှာပဲ... ... ..။

အဆုံးတော့ ... ... ... .. .
တိမ်စိုင်တွေလို မျောလွင့်ရတာပဲ..
အခုချိန်ထိ...
မျှော်လင့်ခြင်းကွင်းပြင် ထဲက
မလွတ်မြောက်နိုင်ဘူး.... .... ။

တိုင်တည်ထားတဲ့ အတိုင်း...
ငါ့သီချင်းကိုလည်း မရပ်နိုင်ဘူး.....။ ။

1 comments:

မနန်း said...

ပြဇာတ်လာဖတ်တယ်

Post a Comment