Wednesday, January 14, 2015

14-1-2015

မနက်ခင်းဟာ အိပ်ရေးမ၀ဘဲနိုးထလာခဲ့တယ်။အတွေးထဲမှာ စံချိန်တွေကိုရိုက်ချိုးလို့၊တကယ်ဘ၀မှာတော့ အလျင်မီအောင် မနည်းရုန်းလို့။ဒီလိုနဲ့ဘဲ နာရီတပတ်လည်ခဲ့ပေါ့။ဒီလိုနဲ့ဘဲ နေ၀င်ခဲ့ပြန်ပြီတော့ တရက်။
ဒီလိုနဲ့ဘဲ ကြီးခဲ့ပြန်ပြီပေါ့ တရက်။

ဒီနေ့မှာ အရင်နေ့တွေလိုဘဲ ကောင်ကင်ကြီးက ပြာလို့။အမည်မဖော်လိုတဲ့ ကောင်းမလေးကလည်း စိမ်းနေဆဲ့ပေါ့။ဒီလိုနဲ့ဘဲ အမှားတွေကို ပြင်ရင်း မှားပြန်ပြီးပေါ့။ဘ၀ဆိုတဲ့ တိုက်ပွဲကို ပ၀ါမကူ ရေမကူဘဲ ယှဉ်ပြိုင်နေလေရဲ့။မကြည့်ဖြစ်တဲ့ ပြည်တွင်းဖြစ် အပေါစား သရဲကားကိုကြည့်လို့။အပေါစားကားကိုစီး၊အပေါစား စကားတွေပြော၊အပေါစား အစားတွေ ၀ါးမျိုလို့ လူလည်း အပေါစားဆန်လို့။

0 comments:

Post a Comment